본문내용 바로가기

type of event

ကျွန်ုပ်တို့ရဲ့ ဥပဒေကုမ္ပဏီကတော့ ရာဇဝတ်မှု အမှုကိစ္စမှ အစ အရပ်သားအမှု
ကိစ္စများ၊ စီမံခန့်ခွဲရေးအမှု ကိစ္စများ၊ အိမ်တွင်းရေးအမှုကိစ္စများ၊ ပြည်ဝင်ခွင့် ဗီဇာကိစ္စများ၊ အကောက်ခွန် အမှုကိစ္စများ၊
ဒေဝါလီခံမှု အမှုကိစ္စများနှင့် အခြားတရားရေးလုပ်ငန်းများကို ဝန်ဆောင်မှု ပေးနေပြီး၊
ကိုယ်တိုင်လာရောက် စုံစမ်းမေးမြန်းမယ်ဆိုလျှင် မြန်မာစကားပြန်နှင့်အတူ ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်ပါတယ်။

  • လိမ်လည်မှု
    လိမ်လည်မှုကို အမြတ်အစွန်း ပမာဏအရ အထွေထွေ လိမ်လည်မှုနှင့် အထူးစီးပွားရေးပြစ်မှု (လိမ်လည်မှု) အဖြစ် ခွဲခြားထားပြီး ပြစ်ဒဏ်ကို ပိုမိုကြီးလေးစွာ ချမှတ်နေပါသည်။
  • အလွဲသုံးစားမှု
    အလွဲသုံးစားမှုကို ရာထူးနှင့်အလိုက် စီးပွားရေး အလွဲသုံးစားမှု နှင့် အထွေထွေ အလွဲသုံးစားမှု အဖြစ် ခွဲခြားထားပြီး၊ အမြတ်အစွန်းပမာဏ အရ အထူးစီးပွားရေးပြစ်မှု(အလွဲသုံးစားမှု)အဖြစ် ခွဲခြားထားပြီး ပြစ်မှုဆိုင်ရာဥပဒေအရ ယုံကြည်စိတ်ချမှု ချိုးဖောက်မှုအဖြစ် သတ်မှတ်ထားပါသည်။
  • အကျင့်ပျက်မှု၊ တာဝန်ချိုးဖောက်မှု
    အကျင့်ပျက်မှု ပြစ်မှုသည် ရာထူးနှင့်အလိုက် အထွေထွေ တာဝန်ချိုးဖောက်မှုနှင့် အလုပ်နှင့် သက်ဆိုင်သော တာဝန်ချိုးဖောက်မှုအဖြစ် ခွဲခြားထားပြီး အမြတ်အစွန်းပမာဏ အရ အထူးစီးပွားရေးပြစ်မှု(အကျင့်ပျက်မှု) နှင့် ပြစ်မှုဆိုင်ရာဥပဒေအရ အကျင့်ပျက်မှုအဖြစ် သတ်မှတ်ထားပါသည်။
  • လုပ်ငန်း လျှို့ဝှက်ချက် ချိုးဖောက်မှု
    လုပ်ငန်း လျှို့ဝှက်ချက် ချိုးဖောက်မှု ပြစ်မှုသည် လုပ်ငန်းတစ်ခုနှင့် တစ်ခုအကြား အတိုက်အခိုက် တစ်ခုလို့ ဆိုနိုင်ပါသည်။ များသောအားဖြင့် ဖမ်းဆီးရှာဖွေမှု စတင်ပြီး၊ ရှေ့တန်း ရဲစခန်းမှ မဟုတ်ဘဲ၊ ဒေသခံ ရဲတပ်ဖွဲ့ မြို့တော်စုံစမ်းစစ်ဆေးရေး အဖွဲ့ မှ ပြင်းထန်သော စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ပါသည် ။
  • ဘဏ္ဍာရေး နှင့် သက်ဆိုင်သော အက်ဥပဒေ, လှည့်ပတ် ရောင်းချမှုဥပဒေ ချိုးဖောက်မှု
    ဘဏ္ဍာရေး နှင့် သက်ဆိုင်သော အက်ဥပဒေ အောက်တွင် ခွင့်ပြုချက် ရယူခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း မရှိပဲ သတ်သတ်မှတ်မှတ် ဖော်ပြထားခြင်း မရှိသော ပုဂ္ဂိုလ်များထံမှ ငွေ လက်ခံရယူခြင်း၊ အရင်းအာမခံ ရင်းနှီးမြှုပ်နှံမှုများ လက်ခံရယူခြင်းတို့ဖြစ်သည်။
  • ရက်ကာတာတီးခြင်း။
    ခြောက်လှန့်တောင်းယူမှုကတော့ ရိုက်နှက် ခြိမ်းခြောက်၍ ငွေတောင်းခံခြင်း ပြစ်မှု ဖြစ်သည်။
  • အတုအပရာဇ၀တ်မှု
    ပုဂ္ဂလိကစာရွက်စာတမ်းများ အတုပြုလုပ်ခြင်း ပြစ်မှုသည် အသုံးချရန် ရည်ရွယ်ချက်ဖြင့် စာရွက်စာတမ်း အတု ပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၏ ပြစ်မှုဖြစ်ပြီး လိမ်လည်လှည့်ဖြားမှု၊ အလွဲသုံးစားမှု၊ တာဝန်ချိုးဖောက်မှု သို့မဟုတ် စီးပွားရေးနှောက်ယှက်ခြင်း လုပ်ရပ်များနှင့် အလွန်ဆက်နွှယ်သည့် ပြစ်မှု တစ်ခုဖြစ်သည်။
  • စီးပွားရေးအနှောက်အယှက်
    စီးပွားရေးနှောက်ယှက်ခြင်း လုပ်ရပ်ကတော့ အခွင့်အာဏာကို အသုံးပြု၍ သို့မဟုတ် မှားယွင်းတဲ့အချက်အလက်တွေကို ဖြန့်ဝေတဲ့ ပြစ်မှုတစ်ခုဖြစ်ပါသည်။
  • ပြစ်မှုဆိုင်ရာဥပဒေအရ လိင်ပိုင်းဆိုင်ရာပြစ်မှုများ
    မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အခွင့်အာဏာဖြင့် အသက်မပြည့်သေးသူအား အတင်းအကျပ်ဖိအားပေးခြင်း၊ အခွင့်အာဏာဖြင့် ဖောက်ပြန်ခြင်း၊ အသက် ၁၃ နှစ်အောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
  • လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်သက်ဆိုင်သော ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အထူးဥပဒေကို ချိုးဖောက်ခြင်း
    ဓားပြတိုက် မုဒိမ်းမှု၊ မုဒိမ်းမှု၊ ဆွေမျိုးသားချင်း မုဒိမ်းမှု၊ အတင်းအကျပ် မတရားပြုခြင်း/မသန်မစွမ်းသူကို မုဒိမ်းကျင့်ခြင်း ၊ အတင်းအကျပ် မတရားပြုခြင်း/ အသက် ၁၃ နှစ်အောက် မုဒိမ်းကျင့်ခြင်း / လူထူထဲသော နေရာများတွင် မဖွယ်မရာ ပြုလုပ်ချင်း/ လိင်ပိုင်းဆိုင်ရာရည်ရွယ်ချက်အတွက် အများပြည်သူနေရာများတွင် ပြစ်မှုကျူးလွန်ခြင်း / ဆက်သွယ်ရေးမီဒီယာများကို အသုံးပြု၍ ညစ်ညမ်းသောလုပ်ရပ်များ / ကင်မရာ အသုံးပြု၍ ရိုက်ကူးခြင်း
  • ကလေးသူငယ်နှင့် လူငယ်များ၏ လိင်ပိုင်းဆိုင်ရာကာကွယ်ရေးဥပဒေကို ချိုးဖောက်ခြင်း
    ကလေးသူငယ်နှင့် လူငယ်များအား မုဒိမ်းကျင့်ခြင်း၊ အတင်းအကျပ် မတရားပြုခြင်း/ မသန်မစွမ်းကလေးများနှင့် လူငယ်များအား အလိုမတူ သားမယားပြုကျင့်ခြင်း၊ ကလေးသူငယ်များနှင့် လူငယ်များ၏ ညစ်ညမ်းရုပ်ပုံစာပေများကို ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ကလေးသူငယ်များနှင့် လူငယ်များအား လိင်ကုန်ကူးခြင်း၊ ကလေးသူငယ်များနှင့် လူငယ်များအား အတင်းအကျပ် ဖိအားပေးခြင်း/ ကလေးသူငယ် လူငယ်များနှင့် သက်ဆိုင်သော ပြည်တန်ဆာလုပ်ငန်း / အကြမ်းဖက်ခံရသူ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူကို အတင်းအကျပ် ဖိအားပေးခြင်း
  • ကလေးသူငယ် လူမှုဖူလုံရေးဥပဒေကို ချိုးဖောက်ခြင်း
    ကလေးသူငယ် လူကုန်ကူးမှု / လိင်ပိုင်းဆိုင်ရာမတော်မတရားပြုမှု
  • လိင်ကုန်ကူးမှု, ကလေးလူငယ် လိင်ကုန်ကူးမှု
    လိင်ကုန်ကူးမှု : လိင်ကုန်ကူးမှု ပြည်တန်ဆာလုပ်ငန်း (လုပ်ငန်းရှင်များ၊ မန်နေဂျာများ)၊ လိင်ကုန်ကူး ရောင်းဝယ်ခြင်း
  • တရားမဝင် ဗီဒီယို ရိုက်ကူးခြင်း
    တရားမဝင် ရိုက်ကူးခြင်းဆိုသည်မှာ လျှို့ဝှက် ရိုက်ကူးခြင်း၊ စမတ်ဖုန်း၊ ကင်မရာငယ်များ၊ အထူးကင်မရာများကဲ့သို့သော ပစ္စည်းကိရိယာများကို အသုံးပြုကာ အခြားသူတစ်ဦး၏ ကိုယ်ခန္ဓာကို ဓာတ်ပုံရိုက်ယူ၍ သိမ်းဆည်းထားခြင်း၊ ဖြန့်ဝေခြင်းနှင့် ရောင်းချခြင်းတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။
  • လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်‌ရောက် စော်ကားနှောင့်ယှက်မှု
    လိင်ပိုင်းဆိုင်ရာ အရှက်ရမှုကို ဖြစ်စေသည့် မည်သည့်စကား သို့မဟုတ် အပြုအမူများပါဝင်ပြီး ကိုယ်တိုင် ထိတွေ့ကိုင်တွယ်ချင်း မဟုတ်ပဲ ညစ်ညမ်းသောဓာတ်ပုံများ ပြသခြင်း သို့မဟုတ် ညစ်ညမ်းသော စနောက်မှုကလည်း လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်‌ရောက် စော်ကားနှောင့်ယှက်မှု ဖြစ်နိုင်သည်။
  • လိုင်စင်မဲ့ အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်း
  • ယာဉ်တိုက်၍ ထွက်ပြေးမှု
    ထွက်‌ပြေးတိမ်းရှောင်ခြင်း
  • လက်တုံ့ပြန်မောင်းနှင်ခြင်း၊ မဆင်မခြင်မောင်းနှင်ခြင်း
    အထူး ရိုက်နှက်မှု၊ အထူး ထိခိုက်ဒဏ်ရာရစေမှု၊ အထူး ခြိမ်းခြောက်မှု၊ အထူး ပစ္စည်း ပျက်စီးဆုံးရှုံးစေမှု
  • အာမခံ လိမ်လည်မှု
  • ကျောင်းဇုန်အတွင်း မတော်တဆထိခိုက်မှု
  • ဝတ္တရားနှောက်ယှက်မှု
    ဖြစ်ရပ် အများစုကတော့ ရဲအရာရှိ တာဝန်ထမ်းဆောင်နေစဉ် အတွင်း ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ အပြင် ပြည်သူ့ အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသော လူတိုင်း ပါဝင်သည်ကို သိထားရမည်။
  • လောင်းကစား
  • ဆေးစွဲမှုပြစ်မှု
    မူးယစ်ဆေးဝါးသည် ဦးနှောက်နှင့် အာရုံကြောစနစ်ထဲ လည်ပတ်စေသော ဆေးတစ်မျိုး ဖြစ်ပြီး မှားယွင်းစွာ အသုံးပြုမည်ဆိုလျှင် လူ့ခန္ဓာကိုယ်ကို အကြီးအကျယ်ထိခိုက်စေသော ဆေးဝါးတစ်မျိုး ဖြစ်ပါသည်။
  • ကြီးလေးသော ပြစ်မှု
    လုယက်မှုကျုးလွန်ရာတွင် ထိခိုက်နာကျင်စေမှု/လူသတ်မှု၊ လူသတ်မှု ကျုးလွန်ရန် အားထုတ်မှု/ ထိခိုက်ဒဏ်ရာ ရအောင် လုပ်၍ လူသေစေမှု အစရှိသဖြင့် ထောင်ဒဏ် ၅ နှစ်ကျော် သို့မဟုတ် ထောင်ဒဏ် ၇ နှစ်ကျော် အကျဉ်းချခံရနိုင်တဲ့ ပြစ်မှုအတွက် စုံစမ်းစစ်ဆေးခံရတဲ့အခါ တရားလွှတ်တော် ရှေ့နေကို ချက်ချင်း ငှားရမ်းပြီး အမှု ဖြစ်ဖြစ်ချင်း မှစ၍ အကူအညီ ရယူဖို့ လိုအပ်ပါသည်။
  • ကျောင်းတွင်း အနိုင်ကျင့်မှု
    ကျောင်းတွင်း အနိုင်ကျင့်မှု ဆိုသည်မှာ ထိခိုက်ဒဏ်ရာရအောင် လုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ ပိတ်လှောင်ထားခြင်း၊ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ အသရေဖျက်စော်ကားခြင်း၊ ခြောက်လှန့်တောင်းယူခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အနိုင်ကျင့်ခြင်း၊ အင်တာနက်ပေါ် အနိုင်ကျင့်ခြင်း၊ သတင်းအချက်လက်ဆိုင်ရာ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ညစ်ညမ်း/အကြမ်းဖက် သတင်းအချက်အလက်များဖြင့် ခြိမ်းခြောက်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ပစ္စည်းဥစ္စာကို ထိခိုက်ပျက်စီးစေသော အပြုအမူများကို ဆိုလိုပါသည်။
နည်းပညာပြစ်မှုဆိုတာက‌တော့ ပိုပိုပြီး အရေးကြီးလာသော ပညာရေးဆိုင်ရာ နည်းပညာ ခိုးယူခြင်း၊ မသမာနည်းဖြင့် အသုံးပြုခြင်း၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတို့နှင့် ပတ်သက်သော ပြစ်မှုဖြစ်ပါသည်။
လူငယ်ဥပဒေသည် လူမှုရေးဆန့်ကျင်မှု ရှိသည့် လူငယ်များ၏ ပြုမူကျင့်ကြံမှုကို ပြုပြင်တည့်မတ်ပေး၍ အကာအကွယ်ပေးခြင်း နည်းလမ်းများကဲ့သို့သော လိုအပ်သောလုပ်ဆောင်မှုများ ပြုလုပ်ပြီး၊ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ် သဘောထားနှင့်ပတ်သက်၍ အထူးလုပ်ဆောင်မှုများ ပြုလုပ်ခြင်းဖြင့် လူငယ်များကို ကောင်းစွာကြီးပြင်းလာစေရန် ကူညီပေးဖို့ ရည်ရွယ်ထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ‘အပြစ်ပေးမည့်အစား ပြုပြင်ပေးမည့်ရည်ရွယ်ချက်’အဖြစ် အထူးအခြေအနေ တစ်ရပ်အဖြစ် သတ်မှတ်ထားသော ဥပဒေတစ်ခုဖြစ်သည်။